တစ်ခါတုန်းက တောရွာတစ်ရွာမှာ အဒေါ်အပျိုကြီး ၃ ယောက် နှင့်အတူနေတဲ့ မိန်းမပျိုလေးတစ်ဦး ရှိပါတယ်။ နာမည်ကတော့ အေးမြ ပါတဲ့ ။ အဒေါ်တွေက အပျိုကြီးတွေလည်း ဖြစ်ပြန် ၊ တူမလေးကို မတော်တရော်တွေ နဲ့ တွေ့ သွားမှာစိုးလို့ နဲ့ တူပါတယ် နေ့ တိုင်းယောင်္ကျားတွေ မကောင်းကြောင်းကို အေးမြ ကြားအောင်စောင်းမြောင်းပြောလိုက် ၊ တည့်တည့်ပြောလိုက်နဲ့ မရိုးနိုင်အောင် တစ်နေ့ တစ်မျိုး ပြောကြပါသတဲ့ခင်ဗျား..........
အေးမြကလည်း နာမည်နဲ့လိုက်အောင် ရိုးရိုးအေးအေး နေတတ်သူဆိုတော့ အရွယ်ရောက်လာပေမယ့်လည်း ဟိုကိစ္စ ဒီကိစ္စ တွေကို နားမလည်သေးဘူး ဘဲ ဆိုရမှာပေါ့ခင်ဗျာ...
တစ်နေ့မှာတော့ အေးမြ ရေခပ်သွားတုန်း သူ့ကို တစ်ဖက်သတ်ကြိုက်နေတဲ့ ရွာဦးက ဖိုးထောင် ကလည်း အလွတ်မပေးဘဲ လူလစ်တုန်း စကားလိုက်ပြောပါလေရော........အဲဒီနောက်တော့ ဘာတွေ ဆက်ဖြစ်သလဲတော့ ကျွန်တော်လည်း မသိပါဘူးခင်ဗျာ........
အဲ ညနေထမင်းစားဝိုင်းရောက်တော့ အဒေါ်အပျိုကြီးတွေ ထုံးစံအတိုင်း ယောင်္ကျားတွေ ဘယ်လိုမကောင်းကြောင်း ၊ အင်္လကာတွေ ဖွဲ့ပြီး ပြောကြပါလေရောဗျာ....... အဲဒီအကြောင်းတွေပြောရင် ငြိမ်ပြီးအမြဲ နားဘဲထောင်နေတတ်တဲ့ အေးမြတစ်ယောက် အမှန်တရား အတွက် သတ္တိ ရှိရပြီပေါ့ခင်ဗျာ........ဒီတစ်ခါ အေးမြ တစ်ယောက် သည်းမခံနိုင်ဘဲ ပြောလိုက်တာက “ အဒေါ်တို့ကလည်း ယောင်္ကျားတွေ မကောင်းတာချည်းပြောနေကြတယ် ၊ ယောင်္ကျားတွေ ဘယ်လောက်ကောင်းလဲသိလား ၊ အေးမြတောင် ခြေမ ကော့သွားတယ် ၊ အခု ထမင်းစားပြီးလည်း ထပ်သွားဦးမယ် ” တဲ့ဗျား............
တကယ်ဗျာ ........ကျိန် ဆို ကျိန်ပြီးပြောရဲပါတယ် ဖိုးထောင် ဘာလုပ်လိုက်သလဲဆိုတာ ကျွန်တော် တကယ်မသိ ပါဘူးခင်ဗျား.................
ခပ်ညစ်ညစ် ရယ်ရအောင်
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment