ဆရာကိုတော့ ထင်ပါတယ်ဗျာ

ရန်ကုန်မြို့က ရပ်ကွက်တခုမှာပေါ့ လူကြီးယောင်ယောင် ဘာယောင်ယောင်နဲ့ ဆောင့်ကြွားကြွား ဖိုးခွေး ဆိုသူ တယောက်ရှိပါတယ်။ အဲဒီလိုပဲ ရိုးရိုးသားသား လုပ်ကိုင်စားသောက်တဲ့ မောင်ရိုးဆိုသူဟာ အဲဒီရပ်ကွက်ထဲက ရပ်ကွက်သားတယောက်ပေါ့။ တနေ့ မောင်ရိုးဟာ အထွေထွေကြပ်တည်းမှုကြောင့် ပေါက်ကွဲပြီး..
“အေး.. မှတ်ထားကွ..။ မောင်ရိုး-တဲ့။ ဘယ်ခွေးမှ လူမထင်ဘူး။ သတ္တိရှိ ထွက်ခဲ့..” လို့ စိန်ခေါ်လိုက်တော့
ဖိုးခွေး-က ဆင်းလာပြီး..

“ဟေ့ကောင်..၊ မင်းဘာပြောတာလဲ..” လို့ ထိုးမဲ့ ကျိတ်မဲ့ဟန်နဲ့ မေးသတဲ့.။
ဒီတော့ မောင်ရိုး ပြန်ပြောလိုက်တာက..
“အော်.. ဆရာ့ကိုတော့ ထင်ပါတယ်ဗျာ..” ဟူသတဲ့။
ချစ်သွေး

0 comments:

Post a Comment