မကျွမ်းကျင်သူ

တစ်ခါက ရွာတစ်ရွာတွင် ကိုဂျရတ် နှင့်မဖြူ တို့ သမီးရည်းစားဖြစ်နေကြရာ ကိုဂျရတ်၏ မိဘများမှတာဝန်ခံသဖြင့် မဖြူ၏မိဘများက လက်ထပ်ပေးလိုက်ကြ၏။ကိုဂျရတ် မိဘများမှ
ကျုပ်တို့သား အရက်မသောက်တတ် ဖဲမရိုက်တတ်ပါဘူး စိတ်ချပါဟုကတိပေးလိုက်၏။
လက်ထပ်ပြီး(၁)ပတ်အကြာတွင် ကိုဂျရတ် အရက်မူး ဖဲရှုံးပြန်လာသဖြင့်
မဖြူ၏မိဘများက ကိုဂျရတ်၏မိဘများကိုသွားပြောသည်။

ခင်ဗျားတို့ပြောတော့ အရက်မသောက် ဖဲမရိုက်တတ်ဘူးဆို
ထိုအခါ ကိုဂျရတ်၏မိဘများကပြန်ပြောလိုက်သည်မှာကား----
ဟုတ်တယ်လေ ကျုပ်တို့သားက အရက်မသောက်တတ်တော့
အရက်မူးတယ် ဖဲမရိုက်တတ်တော့ ဖဲရှုံးတယ်လေ

0 comments:

Post a Comment