တော်တော်တုံးတဲ့ဝံပုလွေ

ကိုချူချာ မြို့တက်ပြီး အမဲသား ဝယ်သည်။ အမဲသားချက်နည်း ပြုတ်နည်းကိုပါ
ရေးမှတ်လာခဲ့သည်။ ရွာသို့ ခြေလျင်ပြန်လာခဲ့ရာ လမ်းခရီးတွင် အမှောက်ပျိုးလာသဖြင့်
တောထဲတွင် ညအိပ်ရန် ဆုံးဖြတ်လိုက်ကြသည်။

၎င်းအိပ်နေချိန်တွင် အမဲသားထုပ်ကို ဝံပုလွေ ဆွဲသွားသည်။ အိပ်ရာမှ နိုး၍ အမဲသားကို
ဝံပုလွေ ဆွဲသွားကြောင်း သိသောအခါ ကိုချူချာ ဟက်ဟက်ပက်ပက် ရယ်သည်။
"ဟား ဟား ဟား။ တော်တော်တုံးတဲ့ ဝံပုလွေမ။ အမဲသားကို ခိုးသွားသတဲ့။ ချက်နည်းက
ငါ့ဆီမှာ ကျန်နေတာပဲ။ ဒင်း ဘာလုပ်လို့ ရမှာလဲ။ ဟဲ ဟဲ ။"

0 comments:

Post a Comment