ပေါ်ပိုင်းက သူငယ်ချင်းဟာ

ဆရာဝန် က လူနာအား မေးလိုက်လေသည် ။ အဲဒီ ပုလင်း ထဲက ဘာတွေလဲ ?
ဘရန်ဒီတွေပါ ဆရာ ။
အရက်ကို ထပ်မသောက်တော့ပါဘူးလို့ ခင်ဗျား ပေးထားတဲ့  ကတိကို မမှတ်မိတော့ဘူးလား ?
မှတ်မိပါတယ် ဆရာ ။ ဒါပေမယ့် ဒါမများလှပါဘူး ။
မများဘူး ဟုတ်လား ။ များတာပေါ့ မိတ်ဆွေရ ။

ဒီဘရန်ဒီတွေ အားလုံး ကျွန်တော်ဟာ မဟုတ်ပါဘူး ။ တစ်ဝက်က ကျွန်တော်သူငယ်ချင်းဟာပါ။
ကဲ ၊ ဒါဆိုရင်လည်း ခင်ဗျား၇ဲ့ တစ်ပိုင်းကို ထုတ်ပစ်လိုက်ဗျာ ။
ကျွန်တော်ထုတ်ပစ်လို့ မရဘူး ဆရာ ။ ဘာလို့လဲဆိုတော့ ပုလင်းထဲမှာ ရှိတဲ့ အပေါ်ပိုင်းက ကျွန်တော်သူငယ်ချင်း ဟာမို့လို့ပါ

0 comments:

Post a Comment