နို့မို့ဆိုရင်မြင်တာပေါ့

ကိုကိုဆိုတဲ့ လူငယ်လေးသည် ရွာထဲတွင် အရှက်တတ်ဆုံး ကောင်လေး ဖြစ်သည်။ တစ်ညနေခင်း၌
သူက သူ့မိသားစု အား လူပျို လှည့်ထွက်မည်ဟု ပြော၍ တစ်မိသားစုလုံး အံဩသင့်ကြသည်မှာ သဘာဝကျ၏ ။
တစ်နာရီ ကြာအောင် အဆင်သင့်ဖြစ်အောင် လုပ်ပြီး ၊ သူထွက်သွားလေသည် ။

နာရီဝက် ကြာပြီးနောက် ကိုကိုပြန်ရောက်လာလေသည် ။ သူ့ကိုယ်သူလည်း တော်တော်ကျေနပ်နေပုံရ၏ ။
" ပြန်လာတာ စောလှချည်းလား ၊ အခြေအနေ ဘယ်လိုလဲ ရှိလဲ " ဟု မိခင်ကမေးလေသည် ။ ကောင်းပါတယ် ..ဟု ကိုကို က ပြုံး၍ ဖြေလေသည်။ သူမနဲ့ တွေ့ခဲ့လား ...?
"ဟုတ်ကဲ့ ..သား တွေ့ခဲ့ပါတယ် ။ အကယ်၍ သား ကသာ မြောင်းဘေးမှာ ဝပ်မနေခဲ့ဘူးဆိုရင်တော့ ၊ သူမလည်း သားကို မြင်မှာပါပဲ " ဟု ကိုကို ကပြန်ဖြေလိုက်လေသည် ။

0 comments:

Post a Comment