တွေးတွေးပြီးရယ်

ဂျော်နီ

သားငယ် ဂျော်နီ ရှိရာ ကလေးထိန်း ဌာနသို့ ဂျော်နီအမေ ရောက်လာသည်။ ပထမဆုံး သားငယ်ကို လာကြိုခြင်း ဖြစ်သည်။ ပထမအထပ်ကို ကြည့်လိုက်သော အခါ “ လိမ်မာသော ကလေးများ ” ဟူသော ဆိုင်းဘုတ်ချိတ်ထားသည်ကို တွေ့ရသည်။ ဂျော်နီကို သူမ ရှာသည်။ မတွေ့ချေ။ သို့ဖြင့် ဒုတိယထပ်သို့ တက်ခဲ့သည်။ “သာမာန်ကလေးများ ” ဆိုင်းဘုတ်ကိုတွေ့ရသည်။ ဤအထပ်တွင်လည်း ဂျော်နီမရှိ။ တတိယအထပ် သို့ တက်ခဲ့ပြန်သည်။ “ ကလေးဆိုးများ ” ဟုရေးထားပြန်သည်။ ထိုနေရာတွင်လည်း ဂျော်နီကိုမတွေ့ချေ။ စတုတ္ထအထပ်သို့ ထပ်တက်ခဲ့ပြန်သည်။ “ အလွန်ဆိုးသော ကလေးများ ” ဆိုင်းဘုတ် အောက်တွင်လည်း ဂျော်နီကို မတွေ့။ နောက်ဆုံး အထပ်သို့ တက်သည်။ လှေကားထိပ်တွင် “ ဂျော်နီ ” ဆိုသော ဆိုင်းဘုတ်ကို အထင်သား မြင်ရလေသည်။

အဖေ့အပေါ် မူတည်တယ်

“ မေမေ အပြင်သွားရင် သား အိမ်မှာ ဘာလုပ် ကျန်ရစ် မလဲကွဲ့ ”

“ အိမ်ဖော် မခင်ပု နဲ့ ဖြစ်ဖြစ် ၊ မော်တော်ကားနဲ့ ဖြစ်ဖြစ် ကစားမှာပေါ့။ ဒါပေမယ့် အဲဒီ နှစ်ခုအနက် ဖေဖေ ဘာကို ရွေးမယ်ဆိုတာ မူတည်ပါတယ် ”


မဖြစ်ဘူး

“ ဒေါက်တာ ကျွန်တော် အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ် ၊ ဘာလုပ်ရမယ်ဆိုတာ အကြံပေးပါအုန်း ”

“ လွယ်လွယ်လေးပဲ ၊ အလုပ်ထဲမှာ ခေါင်းမြုပ်ထားလိုက်ပေါ့ဗျာ ”

ဟာ....ဒါတော့ မဖြစ်ဘူး ဆရာ ၊ ကျွန်တော်က ဘိလပ်မြေ ဖျော်တဲ့သူ ။

ရွေးချယ်မှု

ပါမောက္ခ က ကျောင်းသားအား နောက်ဆုံး စာမေးပွဲအတွက် လူတွေ့ စစ်မေးနေသည်။

“ ရွှေ နဲ့ အသိဥာဏ် နှစ်ခုယှဉ်လာရင် မင်းဘာကို ရွေးချယ် မလဲ ”

“ ရွှေကို ယူမှာပေါ့ ”

“ ဆရာကတော့ အသိဥာဏ်ကို ယူမယ် ၊ ဘာကြောင့်လဲ သိလား ”

“ သိပါတယ် ၊ မိမိမှာ မပြည့်စုံတာကို ယူချင်ကြတာဟာ လူ့သဘာဝပဲ ဥစ္စာ ”

0 comments:

Post a Comment