စိတ်မဆိုးနဲ့တော့

၃ တန်းကျောင်းသားလေး မောင်အေးသည် ၊ အတန်းပိုင်ဆရာမကို “နင်” “ငါ”
အသုံးအနှုန်းဖြင့် ပြောလေ့ရှိ၏ ။ တစ်နေ့တွင် ပြစ်ဒဏ်ပေးသည့် အနေနှင့်
ဆရာမသည် “ဆရာမ” “ကျွန်တော်” ဟူသော စာလုံးများကို အကြိမ်၅၀ တိတိ
မောင်အေးအား ရေးခိုင်းသည် ။ မောင်အေးက အကြိမ် ၅၀ အစား အကြိမ်
၁၀၀ ရေးချလိုက်သည် ။ နောက်တွင် ယဉ်ကျေးသိမ်မွေ့စွာ သုံးနှုံးပြောဆိုရမည်ကို
မောင်အေးသိကောင်းပြီ ဟု ဆရာမ ယူဆသည် နှင့်


“မင်းအပြစ်ကို သိပြီမဟုတ်လား မောင်အေး”

“ဟုတ်ကဲ့ ၊ နောက်ငါ့ကို စိတ်မဆိုးနဲ့တော့နော်”

0 comments:

Post a Comment