မေ့တတ်သူ

တစ်ခါက အလွန်မေ့တတ်သော ဦးအေးဆိုသူ ရှိသည်။
တစ်နေ့တွင် ဦးအေးသည် ဒီနှစ်မိုးကျရင် ဆောင်းဖို့ ငါ့မှ ထီးမရှိဘူး ထီးဝယ်အုံးမှပဲ....
အင်း ငါက မေ့တတ်တော့ စာရေးပြီး မှတ်သွားရမယ် စာရွက် ခဲတံ ဘယ်မှာလဲ မသိဘူး
ဘယ်မှာမှလဲ မတွေ့ဘူး ....ဟော စာရွက်နှင့် ခဲ့တံ တွေ့ပြီ ....
သို့သော် ဦးအေး မေ့သွားပုံမှကား
ဟင် ငါဘာလုပ်ဖို့ စာရွက်နဲ့ ခဲ့တံ ရှာပါလိမ့်.............


ဘဲဥ နှင့် ကြက်ဥ
မြို့တစ်မြို့တွင် ဦးမောင်မောင်ဆိုသူ ရှိသည်။ တစ်နေ့တွင် တူဖြစ်သူက သူ့ထံသို့ လူကြို့နှင့် စာရေးပြီး ပစ္စည်းပေးလိုက်သည်။ခင်ဗျားတူ သာအေး ပေးခိုင်းလိုက်လို့ပါ။
စာကို ဖတ်ကြည့်သောအခါ ဦးလေး ဘဲဥ နဲ့ ကြက်ဥ (၁၀) လုံးပေးလိုက်တယ်။
ပစ္စည်းများကို ကြည့်လိုက်သောအခါ ကြက်ဥ (၁၀) လုံးသာ တွေ့ရသဖြင့် ဘဲဥတွေကကော
ထိုအခါ လာပို့သူက ပြောလိုက်သည်မှာကား ကျွန်တော့နာမည်က ဘဲဥပါ ခင်ဗျား ။

0 comments:

Post a Comment