င့ါဘကြီးက

တစ်ခါက ရွာတစ်ရွာတွင် မောင်လေကြွားတစ်ယောက် ရှိတယ်တဲ့။
တစ်နေ့ ရွာလယ်တွင် ကာလသားများ စကားဝိုင်းဖွဲနေရာသို့ မောင်လေကြွား ရောက်သွားပြီး
ဟိုဘက်ရွာက သိပ်အားကြီးတဲ့ ဓားပြကြီးအကြောင်း ပြောနေကြတာဟု လူငယ်ကပြော၏ ။
ထိုအခါ မောင်ကြွားသည် ဝင်ပြောလေသည်။ ဒါဆို ပြောရအုံးမယ် ငါ့ဘကြီးဟာ ဟိုဘက်ရွာက ဓားပြမပြောနဲ့ အဲဒီလို ဓားပြမျိုး ၃ ယောက်နဲ့ ချတာ ငါဘကြီးက အပေါ်က နေပြီး ကိုင်ပေါက်ပစ်တာကွ ဤတွင်ကာလသား တစ်ဦိးက ဟာ ကိုလေကြွားကလည်း ကြွားလိုက်တာဗျာ ၂ ယောက်ဆို
တော်သေး .....အော်အေးအေး ဟုတ်တယ် ....
ငါ့ဘကြီး မျက်စိမှုန်နေလို့ဖြစ်မှာ အဲဒီနှစ်ယောက်နဲ့ ငါ့ဘင်္ကြီးနဲ့ချတာ ......ငါ့ဘကြီးက အပေးကနေပြီး ကိုင်ပေါက်တာကွ.....
ဟာကိုလေကြွား လုပ်ပြန်ပြီ ၊ နှစ်ယောက်ဆို ခင်ဗျားဘကြီးခံရမှာပေါ့။ တစ်ယောက်ချင်းထိုးမှပေါ့။ အေးအေး ဟုတ်တယ် အဲဒီတစ်ယောက်နဲ့ င့ါဘကြီးနဲ့ ချတာ င့ါဘကြီးက အပေါ်က။

ဟာ .......ကိုလေကြွားဘကြီးကို ကျွန်တော် မြင်ဖူးပါတယ် ။ ပန်ပိန်ခြောက်ခြောက်လေးပါဗျာ တစ်ယောက်နဲ့ နေနေသာသာ ..ကိုယ်တစ်ယောက်တည်း လေကို ထိုးနေတာလားမှ မသိဘဲ ....ထိုအခါ ကိုလေကြွား စိတ်တိုတိုနှင့် ပြောလိုက်သည်မှာကား တောက်!! ..အေး အဲဒီလေနဲ့ င့ါဘကြီးနဲ့ ထိုးတာ င့ါဘကြီးက အပေါ်ကကွ ...။

0 comments:

Post a Comment