ကုမ္ပဏီတစ်ခုတွင် ၀န်ထမ်းများအားလုံး အသုံးပြုနေသော မိန်းဖရိန်ကွန်ပျူတာကြီးမှာ ရပ်သွားလေသည်. . . ၀န်ထမ်းများလည်း တတ်သလောက်မှတ်သလောက် နှင့် ကွန်ပျူတာစက် ပြန်လာအောင် လုပ်ကြသော်လည်း မည်သို့မှ လုပ်၍မရဖြစ်နေသည်. သို့နှင့် နောက်ဆုံးတွင် ကျွမ်းကျင်သူပညာရှင်တစ်ယောက်ကို ခေါ်၍ပြရလေတော့သည်. . .
ပညာရှင်ရောက်လာပြီး ကွန်ပျူတာကို စစ်ဆေးကြည့်ရှုပြီး တူအသေးလေးတစ်လက်ကို ထုတ်၍ ကွန်ပျူတာ အနှံ့အပြားကို လိုက်ခေါက်ရာ မိနစ်အနည်းငယ်ကြာသော် ကွန်ပျူတာကြီးမှာ ပြန်ကောင်းသွားလေသည်. . . ရက်အနည်းငယ်ကြာသောအခါ ထိုကုမ္ပဏီ မန်နေဂျာထံသို့ ကျွမ်းကျင်သူပညာရှင်၏ ငွေတောင်းခံလွှာတစ်စောင် ရောက်လေသည်. . .
ကွန်ပျူတာပြင်ခ ဒေါ်လာ ၁၀၀၀ တောင်းထားခြင်းဖြစ်သည်. . . ထိုအခါ မန်နေဂျာသည် ပညာရှင်နှင့် သွားတွေ့ပြီး ပြောလေသည်. . .
"ဒီမှာ ခင်ဗျ ၊ ကွန်ပျူတာပြင်ခ ဒေါ်လာ ၁၀၀၀ ဆိုတာ သိပ်များပါတယ် . . ငါးမိနစ်လောက် တူကလေးနဲ့ ဟိုခေါက် ဒီခေါက်လုပ်ပြီး ကွန်ပျူတာကောင်းသွားတာပဲ၊ ဒီလောက် ယူဖို့မကောင်းပါဘူး၊ ငွေတောင်းခံလွှာကို ပြန်ပြင်ပေးပါ. . . "
နောက်တစ်နေ့တွင် ငွေတောင်းခံလွှာအသစ်ရောက်လာရာ
"ကွန်ပျူတာအား တူနှင့်ခေါက်ခ ၁ဒေါ်လာ . . မည်သည့်နေရာကို ခေါက်ရမည်ကို သိသည့် အတွက် ၉၉၉ ဒေါ်လာ၊ စုစုပေါင်း ဒေါ်လာ ၁၀၀၀ ဟူ၍ဖြစ်လေသ
နေရာသိတာက
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment