ဒါကယောကျာ်းတွေဘက်က အမြင်ကိုး

စိုက်ပျိုးရေးတက္ကသိုလ်တက်နေရာမှ ကျောင်းပိတ်ရက်တွင် အိမ်ပြန်လာရာအိမ်နီးချင်း အမျိုးသမီး တစ်ယောက်က ကျွန်တော့်အား လာတွေ့ပြီးမေးလေသည်. . . . ကြက်မွေးချင်သဖြင့် အကြံဥာဏ်လာတောင်းခြင်းဖြစ်သည်. .
ကြက်မွေးမြူရေးမှာ ကျွန်တော်သင်ယူသည့် ဘာသာရပ်မဟုတ်ကြောင်း၊ သို့သော် တစ်နိုင်မွေးလိုလျှင် ကြက်ဖတစ်ကောင်နှင့် ကြက်မ ၂၅ကောင်လောက် ဆိုရင် လုံလောက်ကြောင်း ကျွန်တော်ကပြောလိုက်ပါသည် . . . . .

နွေရာသီကျောင်းပိတ်ရက်၌ အိမ်ပြန်လာရာ ထိုအမျိုးသမီး၏ ကြက်မွေးမြူရေးကို သွားကြည့်သည့်အခါ ကျွန်တော် အံ့အားသင့်သွားပါသည် . . . ကြက်မ ၂၅ ကောင်နှင့် ကြက်ဖအတော်တော်များများကို တွေ့ရသဖြင့်ဖြစ်သည်. . . .
ကျွန်တော်ကရှင်းပြသည်. . .
"တကယ်ဆိုရင် ကြက်ဖတစ်ကောင်နှစ်ကောင်ဆိုလျှင် ဒီကြက်မတွေအတွက် လုံလောက်ပါတယ် . . . "

ကျွန်တော့်ကို ထိုအမျိုးသမီးက မကျေမနပ်နဲ့ကြည့်ပြီး ပြန်ပြောလိုက်သည်မှာ . . .
"ဒါကတော့ ရှင်တို့ယောကျာ်းတွေအမြင်နဲ့ပြောတာကိုး ". . . တဲ့

ရယ်မောခြင်းဖြင့် အသက်ရှည်ပါစေ. . .

0 comments:

Post a Comment