လေမရှိရင်

တစ်ခါက ဆရာသည် စာသင်ခန်းထဲတွင် ကလေးများကို စာသင်ပေးနေသည် ။
ထိုအခါ ဆရာသည် ကျောက်သင်ပုန်းပေါ်တွင် လေနှင့် ပတ်သတ်သော စာများကို
သင်ပေးနေလေသည် ။ လေ၇ဲ့ အကျိုးအကြောင်းကို ရှင်းပြပြီးနောက် ကျောင်းသားများကို
စာမေးလိုက်သည် ။ ပထမတွင် အိပ်ငိုက်နေသော မောင်အေးအား လေမရှိရင်
ဘာဖြစ်သွားမလဲ ?

မောင်အေးသည် အိပ်ငိုက်နေရာမှ ထပြီး လေမရှိရင်တော့ ထမင်းမစားရတော့ပါဘူး ဆရာ။ ဟေ ဘာဖြစ်လို့လဲကွ မောင်အေးဖြေလိုက်ပုံမှာကား ကျွန်တော်အဖေက နှဲမှုတ်ပြီး ၊ကျွန်တော့ အစ်ကိုက ပူဖေါင်း ရောင်းလို့ပါ ဆရာ!!!

0 comments:

Post a Comment