စိုက်ခင်း

မြို့တစ်မြို့တွင် ကိုအေး နှင့် မမွန် တို့ ဇနီးမောင်နှံ ရှိ၏ မမွန်သည် ငွေကို စစ်စစ်စီစီ သုံးစွဲတတ်ရာ နေ့စဉ် ချဉ်ပေါင်းဟင်းသာ ချက်စား၏ ။ နေ့စဉ် ချဉ်ပေါင်းဟင်း စားရသဖြင့် ငြီးငွေ့လာကာ ကိုအေးသည် ဟင်းကောင်းစားချင်လာသည်။ သို့ နှင့် တစ်နေ့  ထမင်းစားနေခိုက် မမွန်ရေ င့ါဗိုက်ထဲ ချဉ်ပေါင်းခင်း ဖြစ်နေပြီဟ ...

ထိုအခါ မမြ ပြန်ပြောလိုက်သည်မှာကား ဒါဆိုလဲ ကန်စွန်းခင်း ပြောင်းစိုက်တာပေါ့တဲ့ !

ရယ်မောခြင်းဖြင့် သက်ရှည်ပါစေ..ပျော်ရွင်နိုင်ကြပါစေ ..

ဆက်လက်ဖတ်ရှူရန်...

လေမရှိရင်

တစ်ခါက ဆရာသည် စာသင်ခန်းထဲတွင် ကလေးများကို စာသင်ပေးနေသည် ။
ထိုအခါ ဆရာသည် ကျောက်သင်ပုန်းပေါ်တွင် လေနှင့် ပတ်သတ်သော စာများကို
သင်ပေးနေလေသည် ။ လေ၇ဲ့ အကျိုးအကြောင်းကို ရှင်းပြပြီးနောက် ကျောင်းသားများကို
စာမေးလိုက်သည် ။ ပထမတွင် အိပ်ငိုက်နေသော မောင်အေးအား လေမရှိရင်
ဘာဖြစ်သွားမလဲ ?

မောင်အေးသည် အိပ်ငိုက်နေရာမှ ထပြီး လေမရှိရင်တော့ ထမင်းမစားရတော့ပါဘူး ဆရာ။ ဟေ ဘာဖြစ်လို့လဲကွ မောင်အေးဖြေလိုက်ပုံမှာကား ကျွန်တော်အဖေက နှဲမှုတ်ပြီး ၊ကျွန်တော့ အစ်ကိုက ပူဖေါင်း ရောင်းလို့ပါ ဆရာ!!!

ဆက်လက်ဖတ်ရှူရန်...

င့ါဘကြီးက

တစ်ခါက ရွာတစ်ရွာတွင် မောင်လေကြွားတစ်ယောက် ရှိတယ်တဲ့။
တစ်နေ့ ရွာလယ်တွင် ကာလသားများ စကားဝိုင်းဖွဲနေရာသို့ မောင်လေကြွား ရောက်သွားပြီး
ဟိုဘက်ရွာက သိပ်အားကြီးတဲ့ ဓားပြကြီးအကြောင်း ပြောနေကြတာဟု လူငယ်ကပြော၏ ။
ထိုအခါ မောင်ကြွားသည် ဝင်ပြောလေသည်။ ဒါဆို ပြောရအုံးမယ် ငါ့ဘကြီးဟာ ဟိုဘက်ရွာက ဓားပြမပြောနဲ့ အဲဒီလို ဓားပြမျိုး ၃ ယောက်နဲ့ ချတာ ငါဘကြီးက အပေါ်က နေပြီး ကိုင်ပေါက်ပစ်တာကွ ဤတွင်ကာလသား တစ်ဦိးက ဟာ ကိုလေကြွားကလည်း ကြွားလိုက်တာဗျာ ၂ ယောက်ဆို
တော်သေး .....အော်အေးအေး ဟုတ်တယ် ....
ငါ့ဘကြီး မျက်စိမှုန်နေလို့ဖြစ်မှာ အဲဒီနှစ်ယောက်နဲ့ ငါ့ဘင်္ကြီးနဲ့ချတာ ......ငါ့ဘကြီးက အပေးကနေပြီး ကိုင်ပေါက်တာကွ.....
ဟာကိုလေကြွား လုပ်ပြန်ပြီ ၊ နှစ်ယောက်ဆို ခင်ဗျားဘကြီးခံရမှာပေါ့။ တစ်ယောက်ချင်းထိုးမှပေါ့။ အေးအေး ဟုတ်တယ် အဲဒီတစ်ယောက်နဲ့ င့ါဘကြီးနဲ့ ချတာ င့ါဘကြီးက အပေါ်က။

ဟာ .......ကိုလေကြွားဘကြီးကို ကျွန်တော် မြင်ဖူးပါတယ် ။ ပန်ပိန်ခြောက်ခြောက်လေးပါဗျာ တစ်ယောက်နဲ့ နေနေသာသာ ..ကိုယ်တစ်ယောက်တည်း လေကို ထိုးနေတာလားမှ မသိဘဲ ....ထိုအခါ ကိုလေကြွား စိတ်တိုတိုနှင့် ပြောလိုက်သည်မှာကား တောက်!! ..အေး အဲဒီလေနဲ့ င့ါဘကြီးနဲ့ ထိုးတာ င့ါဘကြီးက အပေါ်ကကွ ...။

ဆက်လက်ဖတ်ရှူရန်...

မေ့တတ်သူ

တစ်ခါက အလွန်မေ့တတ်သော ဦးအေးဆိုသူ ရှိသည်။
တစ်နေ့တွင် ဦးအေးသည် ဒီနှစ်မိုးကျရင် ဆောင်းဖို့ ငါ့မှ ထီးမရှိဘူး ထီးဝယ်အုံးမှပဲ....
အင်း ငါက မေ့တတ်တော့ စာရေးပြီး မှတ်သွားရမယ် စာရွက် ခဲတံ ဘယ်မှာလဲ မသိဘူး
ဘယ်မှာမှလဲ မတွေ့ဘူး ....ဟော စာရွက်နှင့် ခဲ့တံ တွေ့ပြီ ....
သို့သော် ဦးအေး မေ့သွားပုံမှကား
ဟင် ငါဘာလုပ်ဖို့ စာရွက်နဲ့ ခဲ့တံ ရှာပါလိမ့်.............


ဘဲဥ နှင့် ကြက်ဥ
မြို့တစ်မြို့တွင် ဦးမောင်မောင်ဆိုသူ ရှိသည်။ တစ်နေ့တွင် တူဖြစ်သူက သူ့ထံသို့ လူကြို့နှင့် စာရေးပြီး ပစ္စည်းပေးလိုက်သည်။ခင်ဗျားတူ သာအေး ပေးခိုင်းလိုက်လို့ပါ။
စာကို ဖတ်ကြည့်သောအခါ ဦးလေး ဘဲဥ နဲ့ ကြက်ဥ (၁၀) လုံးပေးလိုက်တယ်။
ပစ္စည်းများကို ကြည့်လိုက်သောအခါ ကြက်ဥ (၁၀) လုံးသာ တွေ့ရသဖြင့် ဘဲဥတွေကကော
ထိုအခါ လာပို့သူက ပြောလိုက်သည်မှာကား ကျွန်တော့နာမည်က ဘဲဥပါ ခင်ဗျား ။

ဆက်လက်ဖတ်ရှူရန်...

သူ့အလုပ်

တစ်ခါက ဆေးခန်းတစ်ခုသို့ လူနာတစ်ဦး ရောက်လာရာ ဆရာဝန်က စမ်းသပ်ပြီး
ခင်ဗျား လူများတဲ့ နေရာတွေကို ရှောင်ပါ ခင်ဗျား ရောဂါ မြန်မြန် ပျောက်ပြီး ကျန်းမာလာပါလိမ့်မယ်
ထိုအခါ လူနာက ကျွန်တော့ ဝင်ငွေက လူများမှပဲ ၇တယ်ဆရာ...
ခင်ဗျားအလုပ်ကဘာလဲ။။?

ဤတွင် လူနာဖြေလိုက်သည်ကား ခါးပတ်နိုက်ပါဆရာ...

ဆက်လက်ဖတ်ရှူရန်...

ရေစိုမယ်

တစ်ခါက အလွန်အသော လူ ၂ ယောက်ရှိလေသည် ။ လသာသော ညတစ်ညတွင
် ရေကန်ထဲရှိ လ အရိပ်ကို မြင်၍ သားဖြစ်သူက ခါးထောင်းကျိုက်၍ ရေကန်ထဲသို့
ဆင်းမည်ပြုရာ ဖခင်ဖြစ်သူက ဟေ့ သား ဘာလုပ်မလို့လဲ ..
ဟိုရေကန်ထဲက လမင်းကို ဆင်းဆယ်မလို့ပါအဖေ ..
ထိုအခါ ဖခင်ဖြစ်သူက ပြောလိုက်သည်မှာကား

မင်းနှယ်ကွာ ဒီလောက်တောင် အလှချည်းလား ဆင်းဆယ်နေရင်ရေစိုနေဦးမယ်
ရော့ ငါးများချိတ်နဲ့ မျှားလိုက်...

ဆက်လက်ဖတ်ရှူရန်...

သည်းမခံနိုင်သူ

တစ်ခါက တရားရုံကို အမှုတစ်မှု ရောက်လာသတဲ့၊ အဲဒီအမှုကတော့ ကားစပယ်ယာက ခရီးသည် အမျိုးသမီးကြီးတစ်ဦးကို ကားမောင်းနေတုန်း တွန်းချတဲ့ အမှုဖြစ်တယ်။ တရားသူကြီးက တရားခံကို မေးသတဲ့။
“ မောင်မင်းကို ဒီတရားလို အမျိုးသမီးကြီးက ပြောနေတယ် ၊ သူ့ကို ကားမောင်းနေတုန်း ရပ်မပေးဘဲ တွန်းချတယ်လို့ ၊ ဟုတ်သလား ”
“ ဟုတ်ပါတယ် ”
“ ဘာလို့ တွန်းးချရတာလဲ ”
“ ကျွန်တော်မျိုး ဖြစ်ပျက်ပုံ အစအဆုံး ပြောပြပါရစေ၊ ဒီအမျိုးသမီးကြီးဟာ ကားပေါ်ကို တတ်လာပါတယ်။ သူတတ်လာတော့ လက်ပွေ့အိတ်ကြီး တစ်လုံး ကိုင်တတ်လာပါတယ်။ ကျွန်တော်မျိုး ကာားစီးခ တောင်းမလို့ သူ့အနားကို သွားတော့ လက်ပွေ့အိတ်ကြီးကို ဖွင့်ပါတယ်၊ လက်ပွေ့အိတ်ကြီး ထဲက လက်ကိုင်အိတ်ကို ထုတ်ပါတယ်၊ ပြီးတော့ လက်ပွေ့အိတ်ကြီးကို ပိတ်ပါတယ်၊ လက်ကိုင်အိတ်လေးကို ဖွင်ပါတယ်။

လက်ကိုင်အိတ်ထဲက ကတ္တီပါ အိတ်ကလေးကို ထုတ်ပါတယ်။ လက်ကိုင်အိတ်ကို ပိတ်လိုက်ပါတယ်။ ပြီးတော့ လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊ လက်ကိုင်အိတ်လေးကို ထည့်ပါတယ်။ လက်ပွေ့အိတ်ကို ပိတ်ပါတယ်။ ကတ္တီပါအိတ်ကို ဖွင့်ပါတယ်။ အဲသလိုလုပ်နေတုန်း ရှေ့ခုံက ခရီးသည်က ကားခပေးလို့ သွားယူပါတယ်၊ ကျွန်တော် သွားယူနေတုန်း လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊လက်ကိုင်အိတ်ကို ထုတ်ပါတယ်၊ လက်ပွေ့အိတ်ကြီးကို ပိတ်ပါတယ်၊ လက်ကိုင်အိတ်လေးကို ဖွင်ပါတယ်။ ကတ္တီပါအိတ်ကို ထည့်ပါတယ်။လက်ကိုင်အိတ်လေးကို ပိတ်ပါတယ်။ လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊ လက်ကိုင်အိတ်လေးကို ထည့်ပါတယ်။ လက်ပွေ့အိတ်ကို ပိတ်ပါတယ်။ ကျွန်တော်က ပိုက်ဆံထုတ်ပြီးပြီ မှတ်လို့ သူ့အနားကို လာတော့ မင်းမယူသေးဘူး မှတ်လို့ ဆိုပြီး လက်ပွေ့အိတ်ကြီးကို ဖွင့်ပါတယ်၊ လက်ပွေ့အိတ်ကြီး ထဲက လက်ကိုင်အိတ်ကို ထုတ်ပါတယ်၊ ပြီးတော့ လက်ပွေ့အိတ်ကြီးကို ပိတ်ပါတယ်၊ လက်ကိုင်အိတ်လေးကို ဖွင်ပါတယ်။ လက်ကိုင်အိတ်ထဲက ကတ္တီပါ အိတ်ကလေးကို ထုတ်ပါတယ်။ လက်ကိုင်အိတ်ကို ပိတ်လိုက်ပါတယ်။ ပြီးတော့ လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊ လက်ကိုင်အိတ်လေးကို ထည့်ပါတယ်။ လက်ပွေ့အိတ်ကို ပိတ်ပါတယ်။ ကတ္တီပါအိတ်ကို ဖွင့်ပါတယ်။ အဲဒီအချိန်မှာ နောက်တတ်လာတဲ့ ခရီးသည်တစ်ဦးက ကားခအော်ပေးလို့ သွားယူပါတယ်။ အဲဒီအချိန်မှာ လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊လက်ကိုင်အိတ်ကို ထုတ်ပါတယ်၊ လက်ပွေ့အိတ်ကြီးကို ပိတ်ပါတယ်၊ လက်ကိုင်အိတ်လေးကို ဖွင်ပါတယ်။ ကတ္တီပါအိတ်ကို ထည့်ပါတယ်။လက်ကိုင်အိတ်လေးကို ပိတ်ပါတယ်။ လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊ လက်ကိုင်အိတ်လေးကို ထည့်ပါတယ်။ လက်ပွေ့အိတ်ကို ပိတ်ပါတယ် ၊ ကျွန်တော်မျိုး သူ့အနားရောက်တော့ မင်းမယူသေးဘူးမှတ်လို့ ဆိုပြီး လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊ လက်ကိုင်အိတ်ကို ထုတ်ပါတယ်၊ လက်ပွေ့အိတ်ကို ပိတ်ပါတယ်၊ လက်ကိုင်အိတ်ကို ဖွင့်ပါတယ် ”
“ တော် တော် တော် တော်လောက်ပြီး ”
တရားသူကြီးက လက်ကာ တားလိုက်ပြီး-
“ အဲသလို ဘယ်နှစ်ခါ လုပ်သလဲ ”
“ လေးခါ လုပ်ပါတယ် ”
“ မင်းမို့ လေးခါထိ သည်းခံနေတာ ငါသာဆို နှစ်ခါလောက် လုပ်ကတည်းက ကန်ချတယ် ”
ဟု ပြောလိုက်သတည်း ။

ဆက်လက်ဖတ်ရှူရန်...